Just start a change with POS System

Sunday,26 May 2013

ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ လူတန်းစားအလွှာအသီးသီးရဲ့ လူမှုဘဝလိုအပ်ချက်များအရ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဖက်ရှင်ဆိုင်၊ ဖန်စီဆိုင် စသည်ဖြင့် အပြိုင်အဆိုင်ဖွင့်လာကြပါတယ်။ အဲ့ဒီမှာ ဘယ်အချက်ကိုသွားတွေ့လည်းဆိုတော့ ဆိုင်ဖွင့်ကြတဲ့သူတွေဟာဆိုင်ရဲ့ အပြင်အဆင်၊ အခင်းအကျင်းတွေကိုတော့ သူ့ထက်ငါ အပြိုင်အဆိုင် ခင်းကျင်းပြင်ဆင် ကြတာကိုတွေ့ရပါတယ်။ ဒီနေရာမှာ ဆိုင်ဖွင့်ကြတဲ့သူသတွေအနေနဲ့ တစ်ခုသတိမထားမိကြတာက ဆိုင်လှနေရုံနဲ့မပြီးဘူးဆိုတာပါပဲ။ ဆိုင်ရဲ့အပြင်အဆင်ကြောင့် ဆိုင်ထဲကို လူဝင်လာအောင် ဖမ်းစားနိုင်ရမယ့်အပြင် နောက်တစ်ခေါက်လာချင်စိတ်ဖြစ်အောင်လည်းအကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရမှာဖြစ်ပါတယ်။ အရည်အသွေးကောင်းရုံ၊ စျေးလျော့ပေးရုံနဲ့ မပြီးသေးပါဘူး။ အကောင်းဆုံးဝန်ဆောင်မှုဆိုတဲ့ နေရာမှ မြန်ဆန်တိကျမှု၊ စနစ်ကျမှုဟာလည်း အရေးကြီးပါတယ်။ ဒီအချက်ကို ကိုယ်တိုင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုနဲ့ ချိန်ထိုးပြချင်ပါတယ်။

ဒီဇင်ဘာလရဲ့ တစ်ခုသော မနက်ခင်းက အလုပ်သွားရင်းမနက်စာစားဖို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှာ ဝင်ထိုင်ဖြစ်ခဲ့ပါတယ်။ ဆိုင်နာမည်ကတော့ မပြောတော့ပါဘူး။ ဆိုင်ရဲ့ လက်ရာကောင်းမွန်တာကြောင့် ဆိုင်ထဲမှာ စားသုံးသူတွေက အပြည့်ပါပဲ။ စားပွဲထိုးတွေကလည်း လက်မလည်အောင်ဖြစ်နေရပါတယ်။ ဒီအခြေအနေကိုကြည့်ပြီး လွယ်လွယ်နဲ့ရမယ့် လက်ဖက်ရည်နဲ့ ပေါက်စီပဲမှာလိုက်ပါတယ်။ ဒီမှာတင် ပြဿနာစတော့တာပါပဲ။ အလုပ်နောက်ကျမှာစိုးလို့ အမြန်ရတဲ့ဟာမှာမိခါမှ တော်တော်နဲ့ပေါ်မလာလို့မေးကြည့်တော့ ကောင်တာမှာ စာရင်းသွင်းထားတယ်လို့ ပြောပါတယ်။ ကောင်တာတွေကလည်း လက်ဖက်ရည်မုန့်အတွက် ကောင်တာတစ်ခု၊ အအေးအတွက်၊ မုန့်ဟင်းခါးအတွက် ဆိုပြီးကောင်တာတစ်ခု ထားနေတာကို တွေ့ရပါတယ်။ သူတို့ဆိုင်ရဲ့ စနစ်က စားပွဲအမှာကို စာရေးမက စာရွက်မှာရေး၊ ဒီစာရွက်ထွက်လာမှ အဖျော်ဆီသွားမှာရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ စာရေးမလေးလည်း အမြန်နှုန်းနဲ့ရေးနေတာပါပဲ။ ဒါပေမယ့် လူဟာစက်မှမဟုတ်တာပဲနော်။

ခဏလောက်စိတ်ရှည်သည်းခံပြီးချိန်မှာတော့ မှာထားတာတွေရောက်လာပါတယ်။ ရုံးနောက်ကျမှာ စိုးရိမ်စိတ်နဲ့ လာချပေးသမျှကသောကမျောမျိုချရင်း ငွေရှင်းဖို့ပြောတော့ ခုနကလို Bill စာရွက်ကြာတဲ့ ဒုက္ခကိုရင်ဆိုင်ရပြန်ပါတယ်။ ရောက်မလာတဲ့ စားပွဲထိုးလေးကို အော်ခေါ်ရင်း ဆူညံနေတဲ့မှာသံ၊ ခေါ်သံတွေကြားမှာ တွေးမိလိုက်တာတစ်ခုက စာရေးမကို လက်နဲ့ရေးခိုင်း၊ တွက်ခိုင်းနေမယ့်အစား Point Of Sale စနစ်ကိုသာ ကျင့်သုံးခဲ့မယ်ဆိုရင် စားသုံးသူတွေရဲ့ စိတ်ကျေနပ်မှုကို ဒီထက်ပိုပြီး ရရှိစေမယ်ဆိုတဲ့ အချက်ပါပဲ။

ဒီနေရာမှာ Point Of Sale စနစ်အကြောင်း မိတ်ဆက်ပြောပါချင်ပါတယ်။ Point Of Sale စနစ်ဆိုတာ ခုလက်ရှိ Super Market တွေ၊ Coffee Shop တွေနဲ့ အချို့ဆိုင်တွေမှာ ကျင့်သုံးနေတဲ့ ကွန်ပျူတာနဲ့ ငွေရှင်းရောင်းချခြင်းပဲဖြစ်ပါတယ်။

ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာတာနှင့်အမျှ ကုန်ပစ္စည်းများရောင်းချရာတွင် Computerize စနစ်၊ တနည်းအားဖြင့် Point Of Sale စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ Point Of Sale စနစ်မှာ Server Computer နှင့် Client Computer အများအပြား ပါဝင်ပြီး Client Computer များမှ ပို့လွှတ်လိုက်တဲ့ Data များကို Server တွင် တစ်စုတစ်စည်းတည်း စုပေါင်း သိမ်းဆည်းထားသည့် စနစ်ကိုခေါ်ဆိုတာဖြစ်ပါတယ်။ Point Of Sale စနစ်အား ကျွနု်ပ်တို့နိုင်ငံရှိ City Mark များ၊ Super Market များ အပြင် သာမန်စတိုးဆိုင်များမှာပါ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ ယင်းစနစ်အား အသုံးပြုခြင်းကြောင့် ငွေစာရင်းများ တိကျခြင်း၊ Data များ တစ်စုတစ်စည်းထဲရှိနေခြင်း နေ့စဉ်ရောင်းအားကို လွယ်ကူစွာသိရှိနိုင်ခြင်းတို့ အပြင် ကုန်ပစ္စည်းတစ်မျိုးစီ၏ ရောင်းအားအတက်အကျကိုပါ လွယ်ကူစွာ သိရှိနိုင်ပါတယ်။

Point Of Sale စနစ်ကို အနောက်နိုင်ငံများမှာတော့ လွန်ခဲ့တဲ့ 1973 ခန့်ကတည်းက စင်အသုံးပြုခဲ့ကြပါတယ်။ ယခင်က Point Of Sale စနစ်အား Electronic Cash Registers(ECR) လို့ခေါ်ပြီး ၄င်းဟာ Software ကို အသုံးပြုကာ ငွေစာရင်းများကို ဆက်သွယ်အသုံးပြုသည့် စနစ်ဖြစ်ပါတယ်။ ၄င်းစနစ်တွင် Client-Server Technology, Peer-to-Peer ချိတ်ဆက် အသုံးပြုမှု Local Area Nerwork (LAN) စသည့် Communication နည်းပညာရပ်များကို အသုံးပြုပါတယ်။ အဲ့ဒီတော့ Point Of Sale စနစ်တွင် ကွန်ပျူတာ Software များ၊ Network နည်းပညာရပ်များ၊ Hardware များပါဝင်ပြီး Casher အားလုံးနှင့် Server အား Network ချိတ်ဆက်ကာ အသုံးပြုသည့် စနစ်ဖြစ်ပါတယ်။ ငွေရှင်ကောင်တာ Casher များမှ ပို့လွှတ်လိုက်သော Data အားလုံးကို Server တွင် တစ်စုတစ်စည်းတည်း ရေးမှတ်ထားတာဖြစ်ပြီး ကုန်ပစ္စည်းတစ်မျိုးစီအလိုက် ဈေးနှုန်းရောင်းချသည့် အချိန်၊ ငွေလက်ခံသူ၊ အစရှိသဖြင့် အသေးစိတ်အချက်အလက်များကို မှတ်သားသိမ်းဆည်းပေးထားတာဖြစ်ပါတယ်။

ပထမဦးဆုံး Micro Processor – Controlled Cash Register ကိုတော့ 1974 ခုနှစ်ခန့်တွင် William Brobeck ဆိုသူက McDonald လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်အတွက် ပြုလုပ်ပေးခဲ့ပါတယ်။ ထိုအချိန်လောက်ကတော့ Intel 8088 Processor ဟာ အကောင်းဆုံး Processor ဖြစ်တာကြောင့် Client ကွန်ပျူတာများအတွင်း ထည့်သွင်းအသုံးပြုထားပါတယ်။ ဝယ်ယူ စားသုံးသော ကုန်စည်တစ်ခုစီအား ကွန်ပျူတာအတွင်း ရိုက်ထည့်သွင်းပေးရပြီး ကျသင့်ငွေ အပြင် အခွန်(Tax) တို့ကိုပါ တစ်ပေါင်းတည်း တွက်ချက်ပေးသည့် စနစ်ဖြစ်ပါတယ်။

ယခင်တုန်းကတော့ Point Of Sale စနစ်အသုံးပြုရန်အတွက် Software အနည်းငယ်သာ ရှိပြီး ယနေ့ခေတ်မှာတော့ Point Of Sale Application ပေါင်းများစွာ ပေါ်ထွက်လာပါပြီ။ ထို့ပြင်နှစ်သက်ရာ Windows, Unix အစရှိသည့် Operating System များအတွင်း ထည့်သွင်းအသုံးနိုင်ပြီး သာမာန် User များ အသုံးပြုနိုင်ရန်အတွက် လွယ်ကူသော Interface နှင့် Funcation များကို အသုံးပြုတည်ဆောက်ထားကြပါတယ်။

Point Of Sale စနစ်နဲ့ပတ်သက်ပြီးနောက်ထပ်ထူးခြားတာ တစ်ချက်ရှိသေးပါတယ်။ ထိုစနစ်ကတော့ Web ကို အခြေပြုထားတဲ့ Cash Register ဖြစ်ပါတယ်။ ထိုစနစ်ကတော့ Web ကို အခြေပြုထားတဲ့ Cash Register ဖြစ်ပါတယ်။ ထိုစနစ်တွင် နှစ်သက်ရာ Browser ကို အသုံးပြုကာ ငွေစာရင်းများ ထည့်သွင်းရေးမှတ်ထားရမှာဖြစ်ပြီး အင်တာနက်ချိတ်ဆက်မှုလည်း လိုအပ်ပါတယ်။ ထည့်သွင်းလိုက်သော ငွေစာရင်းများအား Web Server တွင် Real Time Back Up အနေဖြင့် ထည့်သွင်းသိမ်းဆည်းထားတာကြောင့် တိကျသေချာမှုရှိပါတယ်။ ဒါပေမယ့် Web Service အတွက်တော့ နှစ်စဉ်ကြေး (သို့) လစဉ်ကြေးကို ပေးသွင်းထားရမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ နိုင်ငံအနေနဲ့ကတော့ ထိုစနစ်ကို အသုံးမပြုကြသေးပဲ Server Base စနစ်ကိုသာ ကျင့်သုံးနေဆဲဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ သုံးနေပြီဖြစ်တဲ့ Web Service စနစ်အစား Server Base စနစ်ကိုသာ ကျွန်တော်တို့ဆီမှာ လက်ဖက်ရည်ဆိုင်တိုင်း၊ စားသောက်ဆိုင်တိုင်း၊ အရောင်းဆိုင်တိုင်းမှာ ကျင့်သုံးခဲ့မယ်ဆိုရင် ဆိုင်ရှင်ကိုယ်တိုင်တောင် ဆိုင်ထဲမှာ ငုတ်တုတ်ထိုင်ကြည့်စရာမလိုတော့ဘူး။ ဆိုင်ခွဲတွေအများကြီးကိုလည်း တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စနစ်ကျမြန်ဆန်တဲ့ ဝန်ဆေင်မှုကြောင့် Customer တွေကို ဒီထက် ပိုပြီးစိတ်ကျေနပ်မှုပေးနိုင်မှာဖြစ်တဲ့ အပြင် နိုင်ငံရဲ့ လူမှုဘဝအနေအထားတွေ တိုးတက်မြင့်မားလာမှာဖြစ်ပါတယ်။ အဲဒီနေ့ကတော့ အမြင့်မားဆုံး ဝန်ဆောင်မှုကို မပေးနိုင်သေးတဲ့ လက်ဖက်ရည်ဆိုင်မှာ စားမိလို့ ရုံးကို ကားငှားပြီး သွားခဲ့ရတာအမှန်ပါ။ စနစ်ကျမြန်ဆန်မှုမရှိသေးတဲ့ ဝန်ဆောင်မှုတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသူတွေကိုယ့်လိုပဲ ရှိနေမှာပဲလို့တွေးရင်း ဆိုင်တိုင်းမှာ Point Of Sale စနစ် တွင်ကျယ်လာစေဖို့သာ ဆုတောင်းရင်း ဖောက်သည်ချလိုက်ရပါတယ်။

Point Of Sale စနစ်နဲ့ ပြောင်းလဲမှုတစ်ခုစတင်နိုင်ကြပါစေ။

We're Here To Help!

Office

Building (9) Ground Floor,
MICT Park,  Hlaing Compus,
11052 Yangon.

Call Us

(+95-1) 01-652238