Business and ICT

Thursday,11 Oct 2012

ကွန်ပျူတာ (Computer) ဆိုတဲ့အသုံးအနှုန်းဟာကျွနု်ပ်တို့နေ့စဉ်နှင့်အမျှ ကြားဖူးနေကျစကားလုံးဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့စီးပွားရေးလုပ်ငန်းများ၊ဖျော်ဖြေရေးလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ စသည်ဖြင့်လုပ်ငန်းစုအမျိုးမျိုးအတွက် တွင်ကျယ်စွာအသုံးပြုလျှက်ရှိပါတယ်။ ဒီလိုလုပ်ငန်းများစွာအနက် စီးပွားရေးနှင့်ပညာရေးလုပ်ငန်းများအတွင်း ကွန်ပျူတာအသုံးပြုမှုနှုန်းဟာပိုမိုမြင့်မားနေတာကို တွေ့နေရပါတယ်။

ကျွနု်ပ်တို့နိုင်ငံအနေနဲ့ကုမ္ပဏီများ၊ ကွန်ပျူတာသင်တန်းများ၊ ဒီဇိုင်းလုပ်ငန်းများ၊ မီဒီယာလုပ်ငန်းများ ဖျော်ဖြေရေးလုပ်ငန်းများ၊အင်တာနက်ဆိုင်များစသည်ဖြင့် ကွန်ပျူတာကိုတွင်ကျယ်စွာအသုံးပြုလျှက်ရှိပါတယ်။ဥပမာစူပါမားကတ်တွေမှာ ကွန်ပျူတာများတပ်ဆင်အသုံးပြုခြင်းကြောင့် ဝန်ထမ်းများအားလုံး၏ငွေစာရင်းများအားအချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း၊ Main Data Centre များအတွင်း Data များရေးသွင်းသိမ်းဆည်းခြင်းဖြစ်တာကြောင့် လုံခြုံစိတ်ချမှုရှိခြင်း၊ နေ့စဉ်ရောင်းရငွေ၊ လချုပ်၊ နှစ်ချုပ်များကိုလည်းအလွယ်တကူတွက်ချက်ရယူနိုင်ခြင်းစတဲ့အကျိုးကျေးဇူးများကိုရရှိစေပါတယ်။

ကွန်ပျူတာဆိုတဲ့အသုံးအနှုန်းနဲ့တွဲလျက်ကြားနေကျစကားလုံးနောက်တခုကတော့ IT, ICT စသည်တို့ဖြစ်ပါတယ်။ အရင်တုန်းကတော့ IT လို့ခေါ်တဲ့ Information Technology ဆိုတဲ့စကားလုံးကိုအများစုကြားရပြီးယခုအချိန်မှာတော့၄င်း IT အစား Information and Communication Technology (ICT) ဆိုတဲ့စကားလုံးကိုပိုမိုအသုံးပြုနေကြပြီဖြစ်ပါတယ်။ IT လို့ဘဲခေါ်ခေါ် ICT လို့ဘဲခေါ်ခေါ်ကိစ္စမရှိပါဘူး။ ဒါပေမယ့်အရေးကြီးတဲ့အချက်ကတော့အဲဒီ ICT လို့ခေါ်တဲ့နည်းပညာရပ်ကြီးကိုကျွန်တော့်တို့ရဲ့ဘဝစာမျက်နှာမှာဘယ်လိုအသုံးချရမလဲဆိုတာပဲ ဖြစ်ပါတယ်။

We're Here To Help!

Office

Building (9) Ground Floor,
MICT Park,  Hlaing Compus,
11052 Yangon.

Call Us

(+95-1) 01-652238