DigiTech ASEAN Thailand & AI Connect 2026 ပြပွဲသို့ သွားရောက်လေ့လာရန် ဖိတ်ကြားခြင်း
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အသင်းဝင်များအနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် DigiTech ASEAN Thailand & AI Connect 2026 ပြပွဲကြီးသို့ စီးပွားရေး ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ (Buying Mission) အဖြစ် ပါဝင်တက်ရောက်နိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ပွဲအကြောင်းအရာအကျဉ်း
- ရက်စွဲ – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် မှ ၂၇ ရက်အထိ
- နေရာ – IMPACT Exhibition and Convention Centre (ဘန်ကောက်မြို့)
- ပြသမည့်ကဏ္ဍများ – Business Software, AI, Data & Cloud, Cybersecurity, E-Commerce & Digital Marketing နှင့် Smart Solutions & IoT
ရရှိမည့် အကျိုးခံစားခွင့်များ (ပွဲစီစဉ်သူမှ ထောက်ပံ့ပေးမည့်အစီအစဉ်) ပွဲစီစဉ်သူ IMPACT ဘက်မှ အတည်ပြုချက်ရရှိသော ကိုယ်စားလှယ်များအတွက် –
- လေယာဉ်စရိတ် ထောက်ပံ့ငွေ – ကုမ္ပဏီတစ်ခုလျှင် အများဆုံး ထိုင်းဘတ် ၃,၅၀၀
- အခမဲ့ ဟိုတယ်တည်းခိုခွင့် (ibis Bangkok IMPACT) –
- ပြပွဲတွင် စီးပွားရေးဆွေးနွေးပွဲ (Business Matching) အနည်းဆုံး ၆ ကြိမ် ပြုလုပ်ပါက ၁ ည အခမဲ့
- ပြပွဲတွင် စီးပွားရေးဆွေးနွေးပွဲ အနည်းဆုံး ၁၂ ကြိမ် ပြုလုပ်ပါက ၂ ည အခမဲ့
- အထူးခံစားခွင့်များ – သီးသန့် Buyer Lounge အသုံးပြုခွင့်၊ နေ့လယ်စာနှင့် ကော်ဖီ/မုန့် အခမဲ့ သုံးဆောင်ခွင့်၊ လုပ်ငန်းရှင်များနှင့် ကြိုတင်ချိတ်ဆက်နိုင်မည့် စနစ်အသုံးပြုခွင့်။
(မှတ်ချက် – လေယာဉ်စရိတ် သို့မဟုတ် ဟိုတယ်အထောက်အပံ့ ရယူရန် ပြပွဲအတွင်း ဆွေးနွေးပွဲ အနည်းဆုံး ၆ ကြိမ် ပြည့်မီအောင် မဖြစ်မနေ ပြုလုပ်ရပါမည်။)
လျှောက်ထားသူများအတွက် သတ်မှတ်ချက်များ
- လုပ်ငန်းအမျိုးအစား – ပြပွဲတွင် ပြသထားသည့် နည်းပညာ/ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲနိုင်သည့် (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းဖြစ်ရပါမည် (အဆိုပါပြပွဲတွင် ကိုယ်တိုင်ပြခန်းဖွင့်လှစ်ပြသမည့် ကုမ္ပဏီ မဖြစ်ရပါ)။
- ရာထူးအဆင့် – ကုမ္ပဏီကိုယ်စား ဆုံးဖြတ်ချက်ချနိုင်သူ (သို့မဟုတ်) စီးပွားရေးဆွေးနွေးနိုင်သည့် တာဝန်ရှိသူ ဖြစ်ရပါမည်။
- လူဦးရေကန့်သတ်ချက် – ကုမ္ပဏီတစ်ခုလျှင် ၁ ဦးမှ ၂ ဦးအထိသာ လျှောက်ထားနိုင်ပြီး ထောက်ပံ့ငွေကို ကုမ္ပဏီတစ်ခုလျှင် ၁ ကြိမ်သာ ခံစားခွင့်ရှိပါမည် (ဦးရာလူစနစ်ဖြင့် စိစစ်အတည်ပြုမည် ဖြစ်ပါသည်)။
- ပူးတွဲတင်ပြရန် – လျှောက်ထားသူ၏ စီးပွားရေးလိပ်စာကတ် (Name Card) မိတ္တူ လိုအပ်ပါသည်။
လျှောက်လွှာတင်ပြီးပါက ပွဲစီစဉ်သူဘက်မှ အရည်အချင်းပြည့်မီသူများကို အီးမေးလ်ဖြင့် ရုံးဖွင့်ရက် ၃ ရက်မှ ၅ ရက်အတွင်း တိုက်ရိုက်အကြောင်းကြားပေးမည်ဖြစ်ပါသည်။
စာရင်းပေးသွင်းရန် စိတ်ပါဝင်စားသည့် အသင်းဝင်လုပ်ငန်းရှင်များအနေဖြင့် အောက်ပါ Link တွင် ဝင်ရောက်စာရင်းပေးသွင်းနိုင်ပါသည် –
- Buyer Registration Form: https://forms.gle/NyBUEaMf7xGRvYZv7
Buyer Registration Form ဖြည့်သွင်းပြီးသည့် လုပ်ငန်းရှင်များအနေဖြင့် MCIA Office Email – mciaoffice@gmail.com သို့ ပြန်လည်ပေးပို့အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
#MCIA #DigiTechASEAN2026 #AIConnect2026 #TechExhibition #BuyingMission #BusinessMatching #MyanmarTech #TechBusiness #ITIndustry #DigiTechASEAN #Innovation #BangkokTechEvent #မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း
Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238



