မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) ကိုယ်စားလှယ်အဖွဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပပြုလုပ်သည့် ASOCIO Digital & AI Summit 2026 သို့ တက်ရောက်

Asian-Oceanian Computing Industry Organization – ASOCIO မှ ကြီးမှူး၍ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ရှိ Swissôtel Jakarta PIK Avenue ၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ (၇) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “ASOCIO Digital & AI Summit 2026” သို့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်ခဲ့ကြပါသည်။

Summit တွင် ဒစ်ဂျစ်တယ်နည်းပညာနှင့် AI ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစည်းအဝေးများ၊ ပြပွဲများနှင့်အတူ ဒေသတွင်း ထူးချွန်ထက်မြက်သည့် အဖွဲ့အစည်းများကို ရွေးချယ်ချီးမြှင့်သည့် ASOCIO Digital & AI Awards 2026 ဆုပေးပွဲအခမ်းအနားကိုလည်း ခမ်းနားစွာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် အောက်ပါအတိုင်း ဂုဏ်ပြုဆု (၄) ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြပါသည်-

🏆 ASOCIO Digital Government Award 👉 Ayeyarwady Region Development Affairs (ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့)

🏆 ASOCIO AI for Public Good Award 👉 Yangon Region Computer Industry Association (ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်း)

🏆 ASOCIO AI in Education Award 👉 University of Information Technology (UIT) (သတင်းအချက်အလက်နည်းပညာတက္ကသိုလ်)

🏆 ASOCIO AI in Workforce & Future Skills Award 👉 Digit House Company Limited

မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် AI နည်းပညာအသုံးချမှုကဏ္ဍတို့တွင် ထူးချွန်စွာ စွမ်းဆောင် နိုင်ခဲ့ကြပြီး နိုင်ငံတကာစင်မြင့်ထက်တွင် နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြသည့် ဆုရရှိသော အဖွဲ့အစည်းများနှင့် လုပ်ငန်း များအားလုံးကို မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) မှ လှိုက်လှဲစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

#MCIA #ASOCIO #ASOCIOSummit2026 #ASOCIOAwards2026 #MyanmarICT #DigitalTransformation #ArtificialIntelligence #Jakarta2026

Office

Building (9) Ground Floor, MICT Park,  Hlaing Campus, 11052 Yangon.

Email

office@mcia.org.mm

Call Us

(+95-1) 01-652238