ASOCIO Digital & AI Summit 2026 အတွက် Early Bird ကာလကို တိုးမြှင့်လိုက်ပါပြီ !

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပသွားမယ့် ASOCIO Digital & AI Summit 2026 ပွဲကြီးကို တက်ရောက်လိုသည့် အသင်းဝင်လုပ်ငန်းရှင်များအတွက် အထူးလျှော့စျေး အစီအစဉ်လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။

ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်လေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် –

📅 ကျင်းပမည့်ရက် – ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၅) ရက် မှ (၇) ရက်နေ့အထိ

🏨 ကျင်းပမည့်နေရာ – Swissôtel Jakarta PIK Avenue, Jakarta, Indonesia

ဒီပွဲအတွက် အထူးအခွင့်အရေးအနေနဲ့ အဖွဲ့လိုက် စာရင်းသွင်းသူတွေအတွက် (Special Group Delegate Rate) ကို အခုလိုမျိုး ရရှိမှာပါ 👇

👥 (၅) ဦးနှင့်အထက် အဖွဲ့လိုက်စာရင်းသွင်းပါက ၂၀% လျှော့စျေး ရရှိပါမည်။

💵 တစ်ဦးလျှင် ပုံမှန် USD 300 အစား အထူးနှုန်းထား USD 240 သာ ကျသင့်မှာဖြစ်ပါတယ်။ 🤩

⏳ နောက်ဆုံးသတ်မှတ်ရက် (Deadline) ဒီအထူး Early Bird နှုန်းထားကို ရယူဖို့အတွက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၁)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းခြင်းနဲ့ ငွေပေးချေခြင်းတွေကို အပြီးဆောင်ရွက်ရပါမယ်နော်။ 🏃‍♂️🏃‍♀️

🔗 အခုပဲ ဒီလင့်ခ်လေးကနေတဆင့် စာရင်းသွင်းလိုက်ပါ 👉 https://asocio.aptiknas.org/tickets

📞 စာရင်းသွင်းခြင်းနဲ့ ပတ်သက်ပြီး အကူအညီလိုအပ်တာတွေရှိရင် MCIA Office Phone 09-5067170, 09-5067174,
Email – mciaoffice@gmail.com သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

#ASOCIOSummit2026 #DigitalAndAI #TechSummit #JakartaEvent #MCIA #EarlyBirdPromo #GroupDiscount #TechCommunity