ထိုင်းနိုင်ငံတွင် ကျင်းပမည့် “DigiTech ASEAN Thailand & AI Connect 2026 ” ပြပွဲတွင် အထူးဈေးနှုန်း ဖြင့် (MCIA Pavilion)တွင် ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်းကိစ္စ

အကြောင်းအရာ။ ထိုင်းနိုင်ငံတွင် ကျင်းပမည့် “DigiTech ASEAN Thailand & AI Connect 2026 ” ပြပွဲတွင် အထူးဈေးနှုန်း ဖြင့် (MCIA Pavilion)တွင် ပါဝင်ပြသနိုင်ပါရန် ဖိတ်ခေါ်ခြင်းကိစ္စ။

၁။ အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ IMPACT Exhibition Center တွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ “DigiTech ASEAN Thailand & AI Connect 2026” နည်းပညာပြပွဲကြီးကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) အသင်းဝင်ကုမ္ပဏီများအနေဖြင့် ထိုင်းနိုင်ငံ နှင့် အာဆီယံဈေးကွက်သို့ ကုန်ကျစရိတ်သက်သာစွာဖြင့် ချိတ်ဆက်ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ပြပွဲစီစဉ်သူ IMPACT Exhibition Management မှ MCIA အသင်းဝင်များအတွက် သီးသန့် “MCIA Pavilion” ပြခန်းနေရာအား အောက်ပါအတိုင်း အထူးဈေးနှုန်းဖြင့် အဆိုပြု ကမ်းလှမ်းလာပါသည်။

· ပြခန်းအကျယ်အဝန်းနှင့် ပုံစံ – အနည်းဆုံး ကုမ္ပဏီ (၄) ခု စုပေါင်း၍ (၁၈) စတုရန်းမီတာ (18 sqm) ကျယ်ဝန်းသော MCIA Pavilion တွင် အတူတကွ မျှဝေပါဝင်ပြသရမည် ဖြစ်ပါသည်။

· ကုန်ကျစရိတ်နှင့် သက်သာခွင့် – ပုံမှန် (9 sqm) ပြခန်းတစ်ခန်းလျှင် (4,793.60 USD) ကျသင့်မည် ဖြစ်သော်လည်း၊ ယခု MCIA Pavilion တွင် ပါဝင်ပါက အသင်းဝင်များအတွက် အထူးလျှော့ဈေး (၁၀%) အပါအဝင် ကုမ္ပဏီတစ်ခုလျှင် (2,223.00 USD) သာ ကျသင့်မည်ဖြစ်ပါသည်။ (အဆိုပါ ဈေးနှုန်းတွင် အခွန် ၇% ပါဝင်ပြီး ဖြစ်ပါသည်။)

· အကျိုးကျေးဇူး – ကုမ္ပဏီတစ်ခုလျှင် ခန့်မှန်းခြေ (2,238 USD) ခန့် ကုန်ကျစရိတ် သက်သာခွင့် ရရှိမည်ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ အဆိုပါ “DigiTech ASEAN Thailand 2026” ပြပွဲတွင် MCIA Pavilion ဖြင့် ပါဝင်ပြသလိုသော အသင်းဝင်ကုမ္ပဏီများအနေဖြင့် အသေးစိတ် သိရှိလိုသည်များနှင့် ပြခန်းနေရာချထားမှု (Booth Layout) ပုံစံများကို အသင်းရုံးခန်းသို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့်၊ ပါဝင်လိုသူများအနေဖြင့် Company Name, Contact Person & Phone No တို့ကို mciaoffice@gmil.com သို့ (၃၁.၇.၂၀၂၆) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။

Office

Building (9) Ground Floor, MICT Park,  Hlaing Campus, 11052 Yangon.

Email

office@mcia.org.mm

Call Us

(+95-1) 01-652238