သင့်စီးပွားရေးအတွက် နည်းပညာအဖြေရှာမလား… Digital Corner မှာ ပါဝင်ပြသမယ့် ထိပ်တန်းကုမ္ပဏီကြီးများနှင့် တွေ့ဆုံလိုက်ပါ

နေပြည်တော်၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပမည့် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်” ကြီးတွင် MCF ၏ Digital Corner အစီအစဉ်၌ ပါဝင်ပြသနိုင်မည့် ကုမ္ပဏီများကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ။

ဒီနှစ်ပွဲမှာတော့ မြန်မာနိုင်ငံရဲ့ နည်းပညာလောကမှာ အတွေ့အကြုံရင့်ကျက်ပြီးသား ကုမ္ပဏီကြီးများ၊ ခေတ်မီဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းများက MSME လုပ်ငန်းရှင်များအတွက် ကဏ္ဍစုံလင်စွာဖြင့် အောက်ပါအတိုင်း ပါဝင်ပြသသွားကြမှာ ဖြစ်ပါတယ် –

  • Digital Intelligent နည်းပညာဆန်းသစ်တီထွင်မှုများဖြင့် ဦးဆောင်နေသော MIT Co., Ltd.
  • Digital Government and Digital Payment ဒီဂျစ်တယ်အစိုးရနှင့် ငွေပေးချေမှုစနစ်များအတွက် TrustLink Co., Ltd.
  • Digital Connectivity လုပ်ငန်းများအတွက် အကောင်းဆုံး ချိတ်ဆက်မှုများကို ပေးစွမ်းမည့် U9 Myanmar
  • Digital Payment ခေတ်မီမြန်ဆန်သော ငွေကြေးဝန်ဆောင်မှုများအတွက် A Bank
  • Digital Platform ဖျော်ဖြေရေးကဏ္ဍနှင့် Platform ဝန်ဆောင်မှုများအတွက် Amuze Myanmar Entertainment
  • Digital Skills လူ့စွမ်းအားအရင်းအမြစ်နှင့် နည်းပညာကျွမ်းကျင်မှုများအတွက် STI College
  • Digital Business စီးပွားရေးလုပ်ငန်းများကို နည်းပညာဖြင့် အရှိန်မြှင့်တင်ရန် MCC Digital
  • Digital Commerce အရောင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ကူးသန်းရောင်းဝယ်ရေးအတွက် POS Lite
  • Digital Office စမတ်ကျသော ရုံးလုပ်ငန်းခွင် ဖြေရှင်းချက်များအတွက် SkyLark Co., Ltd.
  • Digital Business စီးပွားရေးနှင့် နည်းပညာချိတ်ဆက်ဆောင်ရွက်မှုများအတွက် Myanmar Computer Enthusiasts Association (MCEA)
  • Digital Postal Service ခေတ်မီစာတိုက်ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်ရေးအတွက် မြန်မာ့စာတိုက် (Myanmar Post)
  • Digital Insurance Service စိတ်ချရသော ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုများအတွက် First National Insurance (General) Co., Ltd.

ဒီလို ထိပ်တန်းကုမ္ပဏီကြီးများ၊ အသင်းအဖွဲ့များနှင့် တစ်နေရာတည်းမှာ တွေ့ဆုံဆွေးနွေးပြီး မိမိတို့လုပ်ငန်းအတွက် အကောင်းဆုံး နည်းပညာအဖြေများကို ရှာဖွေနိုင်ဖို့ Digital Corner သို့ အရောက်လှမ်းခဲ့ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက် မှ (၁၃) ရက်အထိ
နေရာ – ပြည်သူ့ရင်ပြင်၊ နေပြည်တော်

#MCF #MCIA #MSMEFair2026 #DigitalCorner #Exhibitors #TechSolutions #MyanmarBusiness #SmartBusiness

Office

Building (9) Ground Floor, MICT Park,  Hlaing Campus, 11052 Yangon.

Email

office@mcia.org.mm

Call Us

(+95-1) 01-652238