ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကြီး၏ Digital Corner တွင် နည်းပညာဝန်ဆောင်မှုများ စုံလင်စွာ လေ့လာနိုင်မည်
လာမည့် ဖေဖော်ဝါရီလ (၈) ရက်နေ့မှ (၁၃) ရက်နေ့အထိ နေပြည်တော်၊ ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်မည့် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်” တွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) အနေဖြင့် Digital Corner ကဏ္ဍမှ ပါဝင်ပြသသွားမည် ဖြစ်ပါသည်။
ယခုနှစ်တွင် (၁၅) မီတာ x (၉) မီတာ ကျယ်ဝန်းသည့် နေရာ၌ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး၊ မိမိတို့၏ လုပ်ငန်းများကို နည်းပညာဖြင့် ပိုမိုတွင်ကျယ်လာစေရန် အောက်ပါကဏ္ဍ (၉) ခုကို စုံလင်စွာ ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ် –
- Digital Innovation လုပ်ငန်းခွင်တိုးတက်ပြောင်းလဲစေမည့် နည်းပညာဆန်းသစ်တီထွင်မှုများကို လေ့လာနိုင်ခြင်း။
- Digital Connectivity လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သော အင်တာနက်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ။
- Digital Insurance Service အာမခံဝန်ဆောင်မှုများကို ဒီဂျစ်တယ်စနစ်ဖြင့် လွယ်ကူလျင်မြန်စွာ ရယူနိုင်မည့် နည်းလမ်းများ။
- Digital Skills ခေတ်နှင့်အညီ မရှိမဖြစ် လိုအပ်လာသော နည်းပညာကျွမ်းကျင်မှုဆိုင်ရာများကို ဆွေးနွေးနိုင်ခြင်း။
- Digital Payment ငွေကြေးပေးချေမှုများကို လုံခြုံစိတ်ချပြီး လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်မည့် နည်းစနစ်များ။
- Digital Business ရိုးရာစီးပွားရေးပုံစံမှ ဒီဂျစ်တယ်စီးပွားရေးစနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်မည့် နည်းလမ်းများ။
- Digital Commerce Online မှတဆင့် အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် E-commerce ဆိုင်ရာ ဖြေရှင်းချက်များ။
- Digital Office ရုံးလုပ်ငန်းများကို စာရွက်စာတမ်းအသုံးပြုမှုလျှော့ချပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မည့် Smart Office စနစ်များ။
- Digital Marketing မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ထိရောက်စွာ ဈေးကွက်ချဲ့ထွင်နိုင်မည့် နည်းပညာများ။
ဒါကြောင့် လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် နည်းပညာစိတ်ဝင်စားသူ မိတ်ဆွေများအနေဖြင့် မိမိတို့လုပ်ငန်းအတွက် လိုအပ်သည့် နည်းပညာများကို ရင်းရင်းနှီးနှီး လာရောက်လေ့လာဆွေးနွေးနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ရက်စွဲ – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက် မှ (၁၃) ရက်အထိ
နေရာ – ပြည်သူ့ရင်ပြင်၊ နေပြည်တော်
#MCF #MCIA #MSMEFair2026 #NayPyiTaw #DigitalCorner #Technology #SME
Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238



