မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ “MCIA Walk 2025” လမ်းလျှောက်ပွဲကျင်းပ

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ “MCIA Walk 2025” လမ်းလျှောက်ပွဲကျင်းပပြုလုပ်မည်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ ကြီးမှူးပြီး ပြည်နယ်/ တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းများက ကျင်းပပြုလုပ်မည့် “MCIA Walk 2025” လမ်းလျှောက်ပွဲအား (၆.၁၂.၂၀၂၅) ရက်နေ့တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်၊ ပဲခူး၊ တောင်ငူ၊ မကွေး၊ ဘားအံမြို့များတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

အဆိုပါလမ်းလျှောက်ပွဲ၏ ရည်ရွယ်ချက်မှာ အသင်းဝင်များအချင်းချင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများအကြား ပိုမိုခင်မင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနှင့် ကျန်းမာရေးအသိပညာပေးမှုတို့ကို တိုးမြှင့်ရရှိစေရန် ဖြစ်ပါသည်။ ယခုလို အားကစားနှင့် ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့၏ အသင်းဝင်များနှင့် အသင်းအဖွဲ့များအကြား ခိုင်မာသော ဆက်ဆံရေးကို ပိုမိုတည်ဆောက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြလုပ်ခြင်းဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် : ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက် (စနေနေ့)
Registration Time : နံနက် (၅း၀၀) နာရီ
ကျင်းပမည့်အချိန် : နံနက် (၅း၃၀) နာရီ

Office

Building (9) Ground Floor, MICT Park,  Hlaing Campus, 11052 Yangon.

Email

office@mcia.org.mm

Call Us

(+95-1) 01-652238