PRINT-SIGN & ICT EXPO 2025 စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနား ကျင်းပပြုလုပ်
PRINT-SIGN & ICT EXPO 2025 ပြပွဲ ကျင်းပပြုလုပ်မည့်ကိစ္စ၊ စာနယ်ဇင်း မိတ်ဆက်ပွဲအခမ်းအနားကို (၉.၅.၂၀၂၅) ရက်နေ့၊ နေ့လည် (၂း၀၀) နာရီတွင် RARK ROYAL Hotel, Yangon တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံ ဒီဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း (MDPSEA)၊ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) နှင့် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း (MCPA) တို့မှ ဗဟိုအလုပ်အမှုဆောင်များ၊ ပြပွဲတွင်ပါဝင်ပြသကြမည့် Exhibitors များနှင့် Media များမှ တက်ရောက်ခဲ့ကြပြီး၊ ပြပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်များမှ ပြပွဲအကြောင်းများ တင်ပြခြင်းနှင့် Promotion Plan များကို ရှင်းလင်းတင်ပြခဲ့ကြပြီး၊ Media များမှ သိလိုသည်များကို မေးမြန်းကာ ပြန်လည်ဖြေကြားခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238