မြန်မာနိုင်ငံ ဒီဂျစ်တယ် ပုံနှိပ်နှင့် ဆိုင်းဘုတ်လုပ်ငန်းရှင်များအသင်း #MDPSEA နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း #MCIA ၊ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း #MCPA တို့ ပူးပေါင်း ကျင်းပမည့် PRINT-SIGN & ICT EXPO 2025 ပြပွဲကို ၂၀၂၅ ခုနှစ်၊ မေလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့အထိ Yangon Convention Center (YCC) ခန်းမတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ ပြပွဲတွင် ICT Sector နှင့် Digital #Printing Sector များမှ ပါဝင်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ Digital Printing Machine များ၊ နောက်ဆုံးပေါ် နည်းပညာမြင့် Printing Machine များနှင့် #Media လုပ်ငန်းများ၊ IT Products များ၊ Digital ထုတ်ကုန်များကို တစ်နေရာတည်းတွင် စုစည်းကာ ပြသနိုင်ရန် ရည်ရွယ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များ၊ ကျောင်းသား/ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူလူထုတို့အား Digital Printing Products များ၊ #ကွန်ပျူတာ နှင့် ဆက်စပ်အပိုပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ #Mobile နည်းပညာနှင့် ပစ္စည်းများ၊ ကွန်ပျူတာအသုံးချ #software နည်းပညာများ၊ Payment Solutions များ၊ လုံခြုံရေးနှင့်ပတ်သက်သော ပစ္စည်းများ၊ နည်းပညာ စာအုပ်များ စသည်တို့ကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ စီစဉ်ပေးခြင်းဖြစ်ပါသည်။

ထို့အပြင် ပြပွဲသို့ လာရောက်ကြမည့် Visitor များအတွက် Registration System များ ပြုလုပ်ကာ Promotion Plan များ၊ Lucky Draw များကို ခံစားနိုင်မည့် အစီအစဉ်များလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။