“ဝမ်းနည်းကြောင်းသဝဏ်လွှာ”

၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးကြောင့် မြန်မာပြည်အလယ်ပိုင်းဒေသရှိ လူအများအပြား ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရသည့်အတွက် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းအနေဖြင့် အထူးပင် ဝမ်းနည်းရပါသည်။ ဤသဘာဝဘေးဒဏ်ကြောင့် မိမိတို့၏ ချစ်ခင်ရသူများ၊ အိုးအိမ်များ ဆုံးရှုံးခဲ့ရသော ပြည်သူပြည်သားများအား ကျွန်ုပ်တို့အသင်းမှ စိတ်မကောင်းခြင်းများစွာဖြင့် ထပ်တူခံစားရပါသည်။ ဤခက်ခဲသောအချိန်ကာလတွင် ငလျင်ဒဏ်ခံခဲ့ရသော ပြည်သူများအား ကျွန်ုပ်တို့ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းအနေဖြင့် ဒေသဆိုင်ရာ ကွန်ပျူတာလုပ်ငန်းရှင်အသင်းများနှင့် ချိတ်ဆက်ပြီး ကူညီပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း

Office

Building (9) Ground Floor, MICT Park,  Hlaing Campus, 11052 Yangon.

Email

office@mcia.org.mm

Call Us

(+95-1) 01-652238