DigiTech ASEAN Thailand & AI Connect 2025 သို့ ပါဝင်ပြသနိုင်ရန်နှင့် တက်ရောက်လေ့လာနိုင်ပါရန် ဖိတ်ကြားစာ

သို့
အသင်းဝင်လုပ်ငန်းရှင်များ
အကြောင်းအရာ၊၊ DigiTech ASEAN Thailand & AI Connect 2025 သို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း။
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ၊ IMPACT Exhibition Management Co., Ltd. မှ ကြီးမှူးကျင်းပမည့် DigiTech ASEAN Thailand & AI Connect 2025 ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်မှ (၂၁) ရက်နေ့ အထိ ထိုင်းနိုင်ငံ IMPACT Exhibition and Convention Centre Hall 7 and Hall 8 တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲကို ၂၀၂၄ ခုနှစ်တွင်လည်း အောင်မြင်စွာ ကျင်းပခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ နည်းပညာပြခန်းပြသသူပေါင်း ၃၅၀ ကျော်နှင့် လာရောက်သူ ၈,၆၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါသည်။ ယခုနှစ်တွင်လည်း အာဆီယံဒေသအတွင်းရှိ စီးပွားရေး လုပ်ငန်းများအတွက် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်နှင့် AI နည်းပညာများကို ပြသသည့် အဓိကပွဲတစ်ခုအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စီးပွားရေးဆော့ဖ်ဝဲများ၊ ဆိုက်ဘာလုံခြုံရေး၊ Ecommerce နှင့် ဒစ်ဂျစ်တယ်စျေးကွက်ရှာဖွေရေး၊ Data & Cloud၊ Smart Solutions, IoT နှင့် Artificial Intelligence အစရှိသည့် ကဏ္ဍများတွင် ပါဝင်ပတ်သက်နေသော မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအတွက် ၎င်းတို့၏ ပစ်မှတ်စျေးကွက်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်ပါသည်။ ထို့အတူ ထိုင်းနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးသည် လျင်မြန်စွာ တိုးတက်နေပြီး အစိုးရ၏ အားပေးမှုများလည်းရှိသောကြောင့် ဤပြပွဲသည် မြန်မာလုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်ရန်နှင့် နောက်ဆုံးပေါ်နည်းပညာများကို လေ့လာရန် အရေးကြီးသော ပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ DigiTech ASEAN Thailand & AI Connect 2025 ပြပွဲတွင် ပါဝင်ပြသခြင်း (သို့မဟုတ်) လာရောက် လေ့လာခြင်းဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် အလားအလာကောင်းများ ရရှိနိုင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အသင်းဝင် ကုမ္ပဏီများ ပါဝင်ပြသ နိုင်ပါရန်နှင့် တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
ထို့အပြင် အဆိုပါပွဲသို့ တက်ရောက်ပြီး Business Matching ပြုလုပ်မည့် ကုမ္ပဏီများအတွက် IMPACT Exhibition Management Co., Ltd. မှ စိစစ်ရွေးချယ်ပြီးသော ကုမ္ပဏီတစ်ခုစီ၏ ကိုယ်စားလှယ် (၁) ဦးအတွက် (၂) ညတာ တည်းခိုနေထိုင်ခွင့်၊ ပြပွဲသို့ အသွားအပြန်အတွက် ပို့ဆောင်ရေး အစီအစဉ်များနှင့် လေယာဉ်ခရီးစရိတ်အနေဖြင့် (THAI Baht-3,500) ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားလာပါသည်။ ပြပွဲသို့ တက်ရောက်ပြီး Business Matching ပြုလုပ်မည့် ကုမ္ပဏီများ အနေဖြင့် အနည်းဆုံး ကုမ္ပဏီ (၁၁) ခုနှင့် Business Matching ပြုလုပ်ပေးနိုင်မှသာ Benefits များကို ရရှိမည်ဖြစ်ပါသည်။
သို့ပါ၍ အဆိုပါပြပွဲသို့ သွားရောက်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် ပူးတွဲပါ Business Matching Program Registration Link တွင် ဝင်ရောက်ဖြည့်စွက်ပေးရန် လိုအပ်မည်ဖြစ်ပြီး၊ ပြပွဲတွင် Business Matching ပြုလုပ်မည့် ကုမ္ပဏီများအနေဖြင့် ၃၀.၄.၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်ဖြည့်စွက်ပြီး၊ (MCIA Office Email: office@mcia.org.mm သို့လည်း ကုမ္ပဏီအမည်၊ နာမည်၊ ရာထူး၊ ဖုန်းနံပါတ်တို့ ဖော်ပြကာ အကြောင်းကြားပေးနိုင်ပါရန် ပူးတွဲပါဖိုင်များဖြင့် ဖိတ်ကြားအပ်ပါသည်။
Business Matching Registration Form Link- Registration Form for Hosted Buyer Program, DigiTech ASEAN Thailand & AI Connect 2025 during 19-21 November 2025 Hall 7-8 IMPACT Exhibition Centre, Muangthong Thani, Bangkok, Thailand. (for Myanmar Computer Industry Association)

Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238