လတ်တလော ဖြစ်ပွားလျက်ရှိသော “ရေဘေးသင့် ဒေသများအတွက် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လှုပ်ရှားမှု”
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် MCIA အတွင်းရေးမှူးနှင့် နေပြည်တော် ကွန်ပျူတာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ တို့မှ ဦးဆောင်၍ MCIA အသင်းဝင်များနှင့် ခုနှစ်ရက်သားသမီးများမှ ပါဝင်လှူဒါန်းကြသည့် လှူဖွယ်ပစ္စည်းများကို ရေဘေးသင့်ဒေသများမှ ပိတ်မိနေသူများနှင့် အကူအညီ လိုအပ်နေသူများသို့ အဝတ်အထည်များ၊ တာရှည်ခံ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများ စသည်တို့ကို လိုအပ်သည့်နေရာများသို့ ဝေငှ ပေးခဲ့ကြပါသည်။
MCIA အနေဖြင့် အသင်းဝင်များ၊ ခုနှစ်ရက်သားသမီး အလှူရှင်များ၏ စုပေါင်းပံ့ပိုးမှုများအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်းနှင့် ဝိုင်းဝန်းပံ့ပိုး ထည့်ဝင်လှူဒါန်းကြသည့် အလှူငွေများမှ အင်ဂျင်တပ် စက်လှေတစ်စီးကိုလည်း ရေဘေးသင့် ဒေသများသို့ ကူညီကယ်ဆယ်နိုင်ရေးအတွက် နေပြည်တော်ကွန်ပျူတာလုပ်ငန်းရှင်အသင်းသို့ စုပေါင်းလှူဒါန်းထားပါကြောင်း နှင့် ရေဘေးသင့် ဒေသများ၌ ထိရောက် အကျိုးရှိစွာ စနစ်တကျ ဆက်လက် ပံ့ပိုး လှူဒါန်းသွားမည် ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238