News
၁။ ၁၁-၁၁-၂၀ ရက်နေ့ နေ့စွဲဖြင့် “ပြင်းထန်စွာ ရှုတ်ချခြင်း” အကြောင်းအရာဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (MCIA) မှ ထုတ်ပြန်သည့် စာ အဖြစ် ထင်ယောင်ထင်မှား ဖြစ်စေမည့် စာအတု တစ်စောင် အင်တာနက်ပေါ်တွင် ပြန့်နှံ့လျက် ရှိနေပါသည်။
၂။ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း သည် အစိုးရအဖွဲ့အစည်း မဟုတ်သော၊ အကျိုးအမြတ်မယူသော လူမှုအဖွဲ့အစည်း(NGO) ဖြစ်ပြီး၊ နိုင်ငံကောင်းကျိုး၊ ပြည်သူကောင်းကျိုး နှင့် industry ကောင်းကျိုးကို ဦးတည်ဆောင်ရွက်နေသော အသင်းဖြစ်သည့်အလျော်စွာ၊ ပါတီနိုင်ငံရေး မလုပ်သည့် အဖွဲ့အစည်းအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လျက် ရှိပါသည်။
၃။ ယခုကဲ့သို့ စာရွက်စာတမ်း အတုပြုလုပ်ခြင်းသည် ပြစ်မှုဆိုင်ရာ ဥပဒေကို ချိုးဖောက်မှုတစ်ရပ် ဖြစ်သည်။
၄။ အသင်းဝင် လုပ်ငန်းရှင်များအားလုံးနှင့် ပြည်သူအများ အဖြစ်မှန်ကို သိသာနိုင်ပါရန် ဤကြေငြာချက်ကို ထုတ်ပြန်လိုက်သည်။ သို့ဖြစ်ပါ၍ ယခု မဟုတ်မမှန်တင်ထားသော post များကိုချက်ချင်း ဖြုတ်ချပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အသင်း၏ တရားဝင် ထုတ်ပြန်ချက် ကြေညာချက်များကို အတည်ပြု စစ်ဆေး သိရှိလိုပါက အသင်း၏ တရားဝင် web site ဖြစ်သည့် www.mcia.org.mm တွင်သာ ဖတ်ရှုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာအမှတ် ။ ။ မကလ-၅၉/၀၁/ ၂၀၂၀။
ရက်စွဲ ။ ။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၂ ရက်။

Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238