MCIA Annual General Meeting (2023) နှင့် MOU Signing Ceremony အခမ်းအနား ကျင်းပပြုလုပ်
မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) ၏ Annual General Meeting နှင့် MOU Signing Ceremony အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ နံနက် (၉:၀၀) နာရီတွင် ရန်ကုန်မြို့ Wyndham Grand Hotel, Royal Lake View (Level – 4) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ UMFCCI ဒုတိယဥက္ကဋ္ဌနှင့် ကွန်ပျူတာအသင်းများမှ ဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ပြည်နယ်/ တိုင်းဒေသကြီး ကွန်ပျူတာ လုပ်ငန်းရှင်အသင်းများမှ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော အသင်းအဖွဲ့များနှင့် ဧည့်သည်တော် များမှ တက်ရောက်ခဲ့ကြပါသည်။ MCIA နှင့် မိတ်ဖက်အသင်းများဖြစ်ကြသည့် MYEA, MDEA, MWEA, MDPSEA နှင့် MEECA တို့ဖြင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီး၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်များတွင် ASOCIO ICT Awards ကို မြန်မာနိုင်ငံကိုယ်စားပြု ဆုရရှိခဲ့သည့် ကုမ္ပဏီများ၊ အဖွဲ့အစည်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ ပါသည်။ ထို့အပြင် ဆရာကောင်းငြိမ်းစိုး(Co-Founder & Director, Kudos International Business Consultancy Co., Ltd. Thailand) မှ အိမ်နီးချင်းနိုင်ငံများ၏ ဈေးကွက်အခွင့်အလမ်းများ ခေါင်းစဉ်ဖြင့် ဆွေးနွေး ဟောပြောခဲ့ပြီး၊ အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
Office
Building (9) Ground Floor, MICT Park, Hlaing Campus, 11052 Yangon.
office@mcia.org.mm
Call Us
(+95-1) 01-652238